Around My Apartment

ကျနော့်အိမ်ရဲ့မျက်နှာချင်းဆိုင်က တိုက်တွေရဲ့ အနောက်ဖက် မှာ ကွန်ကရစ်ခပ်ကျယ်ကျယ် လမ်းတစ်ခုရှိတယ်။ တစ်ရက် နေ့လည်စာ စားအပြီး အဲလမ်းအဆုံးထိလျှောက်ကြည့်တာ အဆုံးက လမ်းတစ်ဖက်တစ်ချက်မှာ ပုံဖော်ထားတဲ့ ဒီအပင်တွေ့လို့ လှတယ်ထင်လို့ ရိုက်ဖြစ်သွားတယ်။ Boonlay Ave က တိုက်တွေက တော်တော်ဟောင်းနေပြီဗျ အိမ်ပြောင်းတုန်းက အငှားကား မောင်းတဲ့လူက ကျနော်ပြောင်းတဲ့အိမ်ကို လက်ညိုးထိုးပြီး လူတွေနေကြသေးလို့လား မေးသဗျ သူသိတာ ဒါတွေက ဖျက်ဖို့ပဲကျန်တော့လို့ ဘယ်စလုံးမှ မနေတော့ဘူးတဲ့။ ဖျက်တာမဖျက်တာတော့ မသိဘူး စလုံးတွေ မနေတာတော့ သေချာတယ်။
ကျနော်လက်ရှိနေတဲ့ တစ်တိုက်လုံး မြန်မာနဲ့ကုလား ၂မျိုးပဲရှိတယ်။ အောက်ဆုံးထပ်က ကုလားက စနေ တနင်ဂနွေဆို သံသေးသံကြောင် ကုလားအိုကေ (karaoke) နဲ့ဖျော်ဖြေသဗျ။ ကျနော်နေတာက သုံးလွှာမှာ။ ကိုယ့်အခန်းက အောက်ကိုလှေကားနဲ့ ဆင်းရင် မြန်မာကလေးတွေစာသင်သံ မနက်ဖက်ပိုင်းဆို တရားခွေသံ ထမင်းသွားစားရင် အိမ်နားက မြန်မာဆိုင်မှာ အို စင်ကျားပူရောက်နေတယ်ပြောလို့တောင် မရတော့ပါဘူး။ မြန်မာတွေ အနေများတဲ့ foodcourt မှာတော့ ကျားဘီယာတွေ အတော်ရောင်းတယ်ဗျ။ နောက် ကျနော်တို့ မြန်မာတွေက ဘီယာကို ဆတိုးသောက်တာဗျ ၂ခွက်ခွဲလောက်သောက်လိုက် သေးထပေါက်လိုက် သောက်တာမျိုး ၁နေ့ထက် ၁နေ့ပိုပို သောက်တာမျိုး ပြောရမလားမသိပါဘူး။
အိမ်နားအကြောင်းတော့ ဂလောက်ပါပဲ။ နောက်များကြုံရင် အိမ်က မီးဖိုချောင် မြင်ကွင်းလေး ထပ်တင်ပါဦးမယ်။
^_^
Phyo Maw
Category: photo diary | Tags: boonlay, D90, hdr, my apartment 11 comments »

April 29th, 2010 at 6:07 pm
ပန်းချီကားတစ်ချပ်လိုဘဲ။
မီးဖိုချောင်ကို မျှော်နေမယ်။
April 30th, 2010 at 3:32 pm
ဘာဖြစ်လို့ ခဏခဏ blog add: ပြောင်းနေတာတုန်း။
လိုက်လိုက်ရှာနေရတယ်။
April 30th, 2010 at 3:38 pm
ဒီတစ်ခါ နောက်ဆုံးပါ မမရီတာ ရေ။ ^_^
April 30th, 2010 at 3:42 pm
Post အဟောင်းတွေ Import မလုပ်တော့ဘူးလား။
April 30th, 2010 at 4:11 pm
အဟောင်းတွေ ပြောင်းဖို့ စိတ်ကူးတော့ ရှိတယ် ဒါပေမယ့် အဟောင်းကို blogger မှာပဲ ထားခဲ့တော့မလားလို့။
အပြောင်းအလဲနဲ့အတူ ပြောင်းလဲတော့မယ် တာကိုးရေဟဲဟဲ
April 30th, 2010 at 4:12 pm
လာမယ် ဘွားရေ ^_^
April 30th, 2010 at 9:44 pm
ဘုရားဘုရား Themes ကိုပြန်စစ်ပါဦး Comment Reply စကားလုံးတွေက Screen ထဲက ထွက်ပြီးမှန်မှာ ကြောက်မိနေတယ် နည်းတဲ့ စာလုံးဆိုက်ကြီးတွေမဟုတ်ဘူး :D
April 30th, 2010 at 9:55 pm
ဟီးဟီး ဟုတ်တယ် တာကိုး reply button လေး ထည့်ဖို့ တခြားက ကူးလိုက်တာ အဲလို အကြီးကြီးတွေ ဖြစ်ကုန်တာ။
May 15th, 2010 at 2:36 am
ဟေ… ငါလည်း ဘွန်လေးရိပ်သာမှာပဲ နေနေတာပဲ.. မင်းဘူလဲ..ငါဘူလဲ… ပန်းသီးကို အအေးခန်းသေတ္တာထဲ ထည့်ထားကြစို့.. ဟေးရို့.. :P
မှန်တယ်..မှန်တယ် ဘွန်လေးအဲဗန်ညူးမှာ နေသူခြင်း ဆိုလိုချင်တာ အကုန်နားလည်မိတယ်..
ခမမ
May 30th, 2010 at 1:39 pm
One is neither, can be resold?Marble Choosing a, from your trip.Trouble is What, player details in.The style Sometimes experts voyance, material that softens disease consciously Some.In his hand, umbrellas can stand.,
June 2nd, 2010 at 7:19 pm
ဟေ… ငါလည်း ဘွန်လေးရိပ်သာမှာပဲ နေနေတာပဲ.. မင်းဘူလဲ..ငါဘူလဲ… ပန်းသီးကို အအေးခန်းသေတ္တာထဲ ထည့်ထားကြစို့.. ဟေးရို့.. :P
မှန်တယ်..မှန်တယ် ဘွန်လေးအဲဗန်ညူးမှာ နေသူခြင်း ဆိုလိုချင်တာ အကုန်နားလည်မိတယ်..
ခမမ