Archive for May 2010


Portrait (15 – 5 – 2010)

May 24th, 2010 — 2:56am

ပထမ ပို့စ်မှာ တင်ခဲ့တဲ့ Kranji War Memorial မှာ ရိုက်ခဲ့တဲ့ ပုံများစွာထဲက စိတ်တိုင်းကျ တည်းဖြတ်ပြီးတဲ့ ပုံပါ။ လူတွေနဲ့တွေ့ရ ဆုံရ စကားပြောရ နားထောင်ပေးရတာကို အတိုင်းအတာတစ်ခုထိ အဆင်ပြေသော်ငြား လူတစ်ယောက်ကို ဘယ်လိုနေ ဘယ်လိုပြု ဘယ်လိုမူ သင်ပေးရန် ခက်ကြောင်း ကောင်းကောင်းသိခဲ့ရတဲ့ နေ့ပေါ့။

ဒါနဲ့ ဘလော့တစ်ခွင်မှာ ဖြေရှင်းရခက်နေတာက ဓာတ်ပုံတွေ ပေးပေး မပေးပေး ကူးယူခြင်း အရင့် အရင်က သူ့စာ ကိုယ့်စာလုပ်ခြင်း စ စ စသဖြင့် စည်းမဲ့ကမ်းမဲ့ နိုင်နေလိုက်ကြတာ လူကြီးမိဘတွေ မသွန်သင်ထားဘူးလား လို့ နည်းနည်းလေး ငယ်ရာကကြီးလာတဲ့ လေသံနဲ့ မေးရင်ကောင်းမလား။

4 comments » | photography, portrait

Kranji War Memorial

May 20th, 2010 — 1:41am

ပြီးခဲ့တဲ့ စနေနေ့ (၁၅၊ ၅၊ ၂၀၁၀) မနက် စောစောစီးစီး လူပုံ(portrait)ဓာတ်ပုံရိုက်ဖို့ Kranji War Memorial ကို ရောက်ဖြစ်တယ်။ နောင်တော်ဓာတ်ပုံ ဆာများဖြစ်တဲ့ ဆာညီမောင် စီစဉ်ပြီး ဆာသုမင်းလှိုင်လည်း ပါတယ်။ ဝင်ပေါက်ကလှမ်းကြည့်ရင် အောက်က မြင်ကွင်းကို မြင်ရမယ်။ မနက်စောစောစီးစီးချိန်မို့ ခပ်အေးအေး နေလို့ကောင်းတယ် ပက်ဝန်းကျင်မှာ မြက်ရိတ်တဲ့ကုလားတွေကလွဲရင် လူမရှိ နားအေးပါးအေးရှိတယ် ဆိုရမလား…။

ဂူတွေ ဂူတွေ… ၁၁နာရီလောက်ကျတော့ နေလည်း တော်တော်ပူလာတယ် ဖော်ရိန်နာတွေလည်း ဆွေတော်မျိုးတော်တွေ လာကြည့်ဖို့ ရောက်လာကြသဗျ။ ရန်ကုန်မိဘမဲ့ဂေဟာမှာ ဆယ်တန်းကျူရှင်သင်ခဲ့တဲ့ ဆရာတွေနဲ့ သွားလှူတုန်းက အဲဒီ မျက်နှာချင်းဆိုင်က စစ်သင်းချိုင်းကို ရောက်ခဲ့တယ်။ ဒီ့ထက် ပိုခမ်းနားတယ်ခံစားရတယ်။

နောက်ဆုံးပုံက အပေါ်ဆုံးပုံထဲက အဆောက်အဦးကြီးရဲ့ ကျောဖက်ပုံပါ။ အတွင်းနံရံတွေ အားလုံးမှာလည်း နာမည်တွေ အပြည့်ပါပဲ။ စစ်ကြောင့်သေ စစ်ကြောင့်ကြေ တိုင်းပြည်အတွက်ပဲ အသက်စွန့်စွန့် ဘာနဲ့ပဲ ရေးထိုး မှတ်တမ်းတင်တင်… ပျက်စီးသွားတာတွေ လူ့အသက်တွေ အလှဲအလှယ်က တန်ပါ့မလား။ နှိုင်ငံရေးဆိုတာ လျှင်သူစားတမ်း ပါပဲ။

ဒါနဲ့ အပေါ်ဆုံးပုံက lightroom 2.2 နဲ့ တည်းဖြတ်(edit) လုပ်ပြီး အောက်က ၂ ပုံက lightroom ကနေ photoshop CS 4 ကို export လုပ်ပြီး PS မှာပဲ edit လုပ်ပါတယ်။ lightroom အဓိက သုံးဖြစ်တာကတော့ ဓာတ်ပုံတွေကို raw နဲ့ ရိုက်လို့ပါ။ (ဓာတ်ပုံစိတ်ဝင်စားသူများ အတွက် =D အဲနေ့က အဲမှာ ရိုက်ဖြစ်တဲ့ portrait တွေ အဆင်ပြေရင် နောက်ပို့စ်မှာ တင်ပါဦးမယ် =)

7 comments » | photo diary

Myanmar Songs: Never be apart Vs Like always

May 14th, 2010 — 4:43pm

ဒီရက်ပိုင်းနားထောင်ဖြစ်တယ် melody world မှာ နံပါတ်သုံးချိတ်တဲ့ သီချင်း။ သူ့အသံ သဘောကျတယ်။ ဖြူဖြူကျော်သိန်းလိုလဲမဟုတ်ဘူး ဇမ်နူးအသံမျိုးလဲ မဟုတ်ဘူး ရေဗက္ကာဝင်းနဲ့လဲ မတူဘူး ဘယ်သူနဲ့မှမတူဘူး။ နားထောင်လို့ကောင်းတယ်။

အချစ်ကြီးသူက ရှုံးတာပဲ ဆိုတာကို ရေဗက္ကာဝင်းအော်ဆိုတာ နားထောင်ကောင်းတယ်။ သူများဖွင့်တာ ကြားပြီး နားထောင်ချင်သွားတာ အစက အဲသီချင်းကို သီရိဆွေ ဆိုတာထင်လို့ သင့်ပြွန်မှာ ရှာတာလွဲနေတော့ မတွေ့ နောက်ဆုံးတော့ google မှာ အချစ်ကြီးသူက ရိုက်ထည့်လိုက်တာ အဆင်ပြေသွားတယ်။

3 comments » | Myanmar

Photos from google

May 4th, 2010 — 10:28pm

စိတ်ထဲပေါ်သော်ငြား  ကိုယ့်အရင် ရေးဖူးသူရှိမလား ရှိလေမလား နဲ့ သိပ်မရေးဖြစ်တဲ့ အကြောင်းအရာတွေ ရှိတယ်။ ဒီရက်ပိုင်း ကိုယ့်ဓာတ်ပုံတွေ ဆိုဒ်ကြီးတာလေးတွေပါ တင်ဖို့ စိတ်ကူးတော့ သူများတွေ သုံးနေတဲ့ creative commons license အကြောင်း နည်းနည်းပါးပါးဖတ်ဖြစ်တယ်။ တခြား မြန်မာ blog ကော international blog တွေမှာပါ သုံးထားတာလည်းတွေ့ရတယ်။ ကိုယ်လိုချင်တာအလိုက်လည်း လုပ်လို့ရတယ်။ ကိုယ်လိုချင်တာပေါ် မူတည်ပြီး သူ့ icon မှာပါတဲ့ ပုံလေးတွေ ပြောင်းသွားတယ်။ ဥပမာ ကိုယ်ရေးထားတာ ကိုယ်ရိုက်ထားတဲ့ဓာတ်ပုံ တွေကို တခြား စီးပွားဖြစ်မဟုတ်တဲ့ ဆိုဒ်တွေမှာ ပြန်ဝေမျှခွင့်ရှိတယ် မရှိဘူး နောက် ဝေမျှရင် ကိုယ့်မူရင်းဆိုဒ်ကို လင့် ချိတ်ရမယ် မူရင်းဖန်တီးသူနာမည်ပါရမယ် စသဖြင့်ပါ။

အဲဒါတွေ ဖတ်ပြီးကိုယ့်ဘာသာ အတွေးဝင်နေတုန်း ကိုယ်စိတ်ဝင်စားမယ့် ဘလော့ ၁ ခု ၂ ခု လိုက်ဖတ်ရင်း တွေ့မိတာက photos from google နဲ့ ဓာတ်ပုံ – google ဆိုတဲ့ ပုံတွေအောက်မှာ တင်ထားတဲ့ စာသားတချို့ပါ။ နည်းနည်းတော့ လွဲနေမလား စိတ်ထဲ တွေးမိတာပါ။ google ဆိုတာ search engine လို့ ကျနော်တို့သိတာပဲ ဒါပေမယ့် သူ့ဆီမှာ ရှာရင် မူရင်းလင့်တွေပါ အကုန်ပါတယ်ဆိုတာ google သုံးသူတိုင်းသိမယ်ထင်တယ်။ အဲတော့ ကိုယ်ကြိုက်တဲ့ ပုံကိုတွေ့ပြီ ယူလည်းသုံးတော့မယ်ဆိုရင် ဓာတ်ပုံရဲ့ မူရင်းလင့်ကို သွားကြည့်သင့်တယ် ထင်တယ်။ ဒီတော့မှ ကိုယ်ယူသုံးတဲ့ ပုံကို လင့် သေချာချိတ်ပေးနိုင်သလို ပြန်ဝေမျှတာ လက်ခံ မလက်ခံ license စာတမ်းရှိမရှိ သိရမယ်။ ကျနော်အတွေးနဲ့ ဖြစ်ရင်ပိုကောင်းမယ် ထင်မိတာပါ ကောင်း မကောင်း စဉ်းစားကြည့်ပါ။ ^_^

5 comments » | Thoughts

Back to top