Photos from google

စိတ်ထဲပေါ်သော်ငြား  ကိုယ့်အရင် ရေးဖူးသူရှိမလား ရှိလေမလား နဲ့ သိပ်မရေးဖြစ်တဲ့ အကြောင်းအရာတွေ ရှိတယ်။ ဒီရက်ပိုင်း ကိုယ့်ဓာတ်ပုံတွေ ဆိုဒ်ကြီးတာလေးတွေပါ တင်ဖို့ စိတ်ကူးတော့ သူများတွေ သုံးနေတဲ့ creative commons license အကြောင်း နည်းနည်းပါးပါးဖတ်ဖြစ်တယ်။ တခြား မြန်မာ blog ကော international blog တွေမှာပါ သုံးထားတာလည်းတွေ့ရတယ်။ ကိုယ်လိုချင်တာအလိုက်လည်း လုပ်လို့ရတယ်။ ကိုယ်လိုချင်တာပေါ် မူတည်ပြီး သူ့ icon မှာပါတဲ့ ပုံလေးတွေ ပြောင်းသွားတယ်။ ဥပမာ ကိုယ်ရေးထားတာ ကိုယ်ရိုက်ထားတဲ့ဓာတ်ပုံ တွေကို တခြား စီးပွားဖြစ်မဟုတ်တဲ့ ဆိုဒ်တွေမှာ ပြန်ဝေမျှခွင့်ရှိတယ် မရှိဘူး နောက် ဝေမျှရင် ကိုယ့်မူရင်းဆိုဒ်ကို လင့် ချိတ်ရမယ် မူရင်းဖန်တီးသူနာမည်ပါရမယ် စသဖြင့်ပါ။

အဲဒါတွေ ဖတ်ပြီးကိုယ့်ဘာသာ အတွေးဝင်နေတုန်း ကိုယ်စိတ်ဝင်စားမယ့် ဘလော့ ၁ ခု ၂ ခု လိုက်ဖတ်ရင်း တွေ့မိတာက photos from google နဲ့ ဓာတ်ပုံ – google ဆိုတဲ့ ပုံတွေအောက်မှာ တင်ထားတဲ့ စာသားတချို့ပါ။ နည်းနည်းတော့ လွဲနေမလား စိတ်ထဲ တွေးမိတာပါ။ google ဆိုတာ search engine လို့ ကျနော်တို့သိတာပဲ ဒါပေမယ့် သူ့ဆီမှာ ရှာရင် မူရင်းလင့်တွေပါ အကုန်ပါတယ်ဆိုတာ google သုံးသူတိုင်းသိမယ်ထင်တယ်။ အဲတော့ ကိုယ်ကြိုက်တဲ့ ပုံကိုတွေ့ပြီ ယူလည်းသုံးတော့မယ်ဆိုရင် ဓာတ်ပုံရဲ့ မူရင်းလင့်ကို သွားကြည့်သင့်တယ် ထင်တယ်။ ဒီတော့မှ ကိုယ်ယူသုံးတဲ့ ပုံကို လင့် သေချာချိတ်ပေးနိုင်သလို ပြန်ဝေမျှတာ လက်ခံ မလက်ခံ license စာတမ်းရှိမရှိ သိရမယ်။ ကျနော်အတွေးနဲ့ ဖြစ်ရင်ပိုကောင်းမယ် ထင်မိတာပါ ကောင်း မကောင်း စဉ်းစားကြည့်ပါ။ ^_^

Category: Thoughts | Tags: , 5 comments »

5 Responses to “Photos from google”

  1. Rita

    အင်း ဟုတ်တယ်။ တခါတလေကျ ကိုယ်တိုင်လည်း ပြီးလွယ်စီးလွယ်လုပ်မိတတ်တယ်။ photo from google ကတော့ အရင်ရှာထားဖြစ်တဲ့ ပုံတွေကို နောက်မှ သုံးဖြစ်တဲ့အခါမှာ link ဘယ်လိုပြန်ရှာရမှန်း မသိတော့လို့ အလွယ်သုံးလိုက်တာ။ ချက်ချင်းရှာ ချက်ချင်းသုံးရင်တော့ မူရင်း link ကို ထည့်ဖြစ်ပါတယ်။ photo from google ကတော့ ကိုယ်ပိုင်ပုံမဟုတ်ဘူး ဆိုတာ သိရုံလောက်သဘောနဲ့ ထည့်တာပါပဲ။ တခါတလေဆို အဲဒီ photo from google တောင် မထည့်ဖြစ်လိုက်ဘူး။ ဒီပုံ ကိုယ့်ပုံမဟုတ်မှန်း ဖတ်တဲ့လူတွေ သိမှာပဲ ဆိုပြီး ဒီတိုင်း ခပ်တည်တည်နဲ့ တင်ပစ်လိုက်တာရှိတယ်။ ပြီးစလွယ်လုပ်တာ ပြောပါတယ်။

    ပြင်မှ ပြင်မှ။ ဒါ အလေးအနက်ထားရမယ့် ကိစ္စ။

  2. T Chen

    အင်း အဲ့တာကြောင့် တီကတော့ အမြဲ ကိုယ့်ကိုပိုင် ပုံတွေပဲသုံးတယ်
    စကားမစက် မောင် ပီအမ် ကို နည်းနည်းကြွားပါမယ်
    ဒီနေ့ ဆိုနီ အေ (အယ်ဖာ်) ၃၈၀ ကို လန်းစ် နှစ်ခုပါတာာ အသစ်စက်စက် ဒစ်စကောင့်ဆိုလို့ သွားကြည့်ပါမယ်
    အစကတော့ ကန်နွန်ပဲဝယ်မလားလို့ပါ အမှန်ကတော့ ကိုယ်က ဒစ်ဂျစ်တယ်တောင် သေချာ မသုံးတတ်ပါ ဒါပေမယ့်လဲ လိုချင်တော့ မတတ်နိုင်ဘူး
    နောက်မှ ကြုံရင် သင်ပေးပါ ဓါတ်ပုံရိုက်နည်း နည်းပညာပဲလိုတာ ကိုယ်က ပန်းချီ အမြင် အနုပညာအမြင်တော့ ရှိပြီးသား ခိခိ မလျော့ဘူး လုံးဝပဲ

  3. kom

    မဆိုးဘူး like ကအရှည်မရေးချင်ဘူးဆိုရင် ရိုကောထူးသွားလို့ရတယ်။

  4. Phyo Maw

    Like နှိပ်တာလည်း ကောင်းတယ်။ ကွန်မန့်လည်း စိတ်ထဲ ပြောချင်မှ ရေးပေါ့ ဘွားရယ်
    ကွန်မန့်တို့ စီပုံး တို့နဲ့ပက်သက်ရင် စိတ်ထဲပေါ်မှ အနော်လည်း ရေးတာပါ။ ဘွားနားလည်အောင် ဘိုးတော်စကားနဲ့ ပြောရရင် အဘအာရုံလာမှ =D

  5. ShwunMi

    ဟုတ်တယ် မှန်တယ်
    ပြီးလွယ်စီးလွယ်လုပ်တာ မကောင်းဘူး


Leave a Reply



Back to top