Kranji War Memorial

ပြီးခဲ့တဲ့ စနေနေ့ (၁၅၊ ၅၊ ၂၀၁၀) မနက် စောစောစီးစီး လူပုံ(portrait)ဓာတ်ပုံရိုက်ဖို့ Kranji War Memorial ကို ရောက်ဖြစ်တယ်။ နောင်တော်ဓာတ်ပုံ ဆာများဖြစ်တဲ့ ဆာညီမောင် စီစဉ်ပြီး ဆာသုမင်းလှိုင်လည်း ပါတယ်။ ဝင်ပေါက်ကလှမ်းကြည့်ရင် အောက်က မြင်ကွင်းကို မြင်ရမယ်။ မနက်စောစောစီးစီးချိန်မို့ ခပ်အေးအေး နေလို့ကောင်းတယ် ပက်ဝန်းကျင်မှာ မြက်ရိတ်တဲ့ကုလားတွေကလွဲရင် လူမရှိ နားအေးပါးအေးရှိတယ် ဆိုရမလား…။

ဂူတွေ ဂူတွေ… ၁၁နာရီလောက်ကျတော့ နေလည်း တော်တော်ပူလာတယ် ဖော်ရိန်နာတွေလည်း ဆွေတော်မျိုးတော်တွေ လာကြည့်ဖို့ ရောက်လာကြသဗျ။ ရန်ကုန်မိဘမဲ့ဂေဟာမှာ ဆယ်တန်းကျူရှင်သင်ခဲ့တဲ့ ဆရာတွေနဲ့ သွားလှူတုန်းက အဲဒီ မျက်နှာချင်းဆိုင်က စစ်သင်းချိုင်းကို ရောက်ခဲ့တယ်။ ဒီ့ထက် ပိုခမ်းနားတယ်ခံစားရတယ်။

နောက်ဆုံးပုံက အပေါ်ဆုံးပုံထဲက အဆောက်အဦးကြီးရဲ့ ကျောဖက်ပုံပါ။ အတွင်းနံရံတွေ အားလုံးမှာလည်း နာမည်တွေ အပြည့်ပါပဲ။ စစ်ကြောင့်သေ စစ်ကြောင့်ကြေ တိုင်းပြည်အတွက်ပဲ အသက်စွန့်စွန့် ဘာနဲ့ပဲ ရေးထိုး မှတ်တမ်းတင်တင်… ပျက်စီးသွားတာတွေ လူ့အသက်တွေ အလှဲအလှယ်က တန်ပါ့မလား။ နှိုင်ငံရေးဆိုတာ လျှင်သူစားတမ်း ပါပဲ။
ဒါနဲ့ အပေါ်ဆုံးပုံက lightroom 2.2 နဲ့ တည်းဖြတ်(edit) လုပ်ပြီး အောက်က ၂ ပုံက lightroom ကနေ photoshop CS 4 ကို export လုပ်ပြီး PS မှာပဲ edit လုပ်ပါတယ်။ lightroom အဓိက သုံးဖြစ်တာကတော့ ဓာတ်ပုံတွေကို raw နဲ့ ရိုက်လို့ပါ။ (ဓာတ်ပုံစိတ်ဝင်စားသူများ အတွက် =D အဲနေ့က အဲမှာ ရိုက်ဖြစ်တဲ့ portrait တွေ အဆင်ပြေရင် နောက်ပို့စ်မှာ တင်ပါဦးမယ် =)
Category: photo diary | Tags: D90, Kranji, singapore, War Memorial 7 comments »

May 20th, 2010 at 6:13 am
လူပုံ(portrait)ဓာတ်ပုံရိုက် ဖို့သွားတာဘာတွေထွက်လာတာလဲ တားဂါတ်လွဲသွားတယ်။ မျော်လင့်ချက်တွေ ။။
May 20th, 2010 at 9:44 am
(နှိုင်ငံရေးဆိုတာ လျှင်သူစားတမ်း ပါပဲ။)
ဘာလို့ ဒီစာကြောင်းကိုမှ dim လုပ်ထားတာလဲ။
မမြင်ရတာလဲ မဟုတ်ဘူး။
May 20th, 2010 at 10:11 am
dim လုပ်ရတဲ့ သဘောကတော့ ကိုယ့်ခေါင်းထဲ ဝင်နေတဲ့ စကားမို့လို့လေ…။ မမြင်အောင် မလုပ်ပါဘူး ^_^
တားဂါတ်တော့ မလွဲပါဘူးဘွား လူအရှင်ပုံတွေ ရိုက်ခဲ့တာပဲ။ အဲ ခု ဒီ ၃ ပုံက လွဲလို့ပေါ့။
May 21st, 2010 at 7:10 am
လူအရှင်ပုံ ဆိုတာကို အလှူရှင်ပုံလို့ မှားဖတ်မိတယ်
:D
May 23rd, 2010 at 12:34 am
ဆက်ဆက်တင်ပါ မျှော်နေမည် …
August 15th, 2010 at 1:31 am
I would like to exchange links with your site http://www.phyomaw.com
Is this possible?
September 5th, 2010 at 10:35 pm
Eating, loving, singing and digesting are, in actuality, the four acts of the mirthful opera known as the freshness, and they pass like bubbles of a grit of champagne. Whoever lets them break without having enjoyed them is a entire fool.