Portrait (15 – 5 – 2010)

ပထမ ပို့စ်မှာ တင်ခဲ့တဲ့ Kranji War Memorial မှာ ရိုက်ခဲ့တဲ့ ပုံများစွာထဲက စိတ်တိုင်းကျ တည်းဖြတ်ပြီးတဲ့ ပုံပါ။ လူတွေနဲ့တွေ့ရ ဆုံရ စကားပြောရ နားထောင်ပေးရတာကို အတိုင်းအတာတစ်ခုထိ အဆင်ပြေသော်ငြား လူတစ်ယောက်ကို ဘယ်လိုနေ ဘယ်လိုပြု ဘယ်လိုမူ သင်ပေးရန် ခက်ကြောင်း ကောင်းကောင်းသိခဲ့ရတဲ့ နေ့ပေါ့။

ဒါနဲ့ ဘလော့တစ်ခွင်မှာ ဖြေရှင်းရခက်နေတာက ဓာတ်ပုံတွေ ပေးပေး မပေးပေး ကူးယူခြင်း အရင့် အရင်က သူ့စာ ကိုယ့်စာလုပ်ခြင်း စ စ စသဖြင့် စည်းမဲ့ကမ်းမဲ့ နိုင်နေလိုက်ကြတာ လူကြီးမိဘတွေ မသွန်သင်ထားဘူးလား လို့ နည်းနည်းလေး ငယ်ရာကကြီးလာတဲ့ လေသံနဲ့ မေးရင်ကောင်းမလား။

Category: photography, portrait | Tags: , , , 4 comments »

4 Responses to “Portrait (15 – 5 – 2010)”

  1. RITA

    (လူတစ်ယောက်ကို ဘယ်လိုနေ ဘယ်လိုပြု ဘယ်လိုမူ သင်ပေးရန် ခက်ကြောင်း ကောင်းကောင်းသိခဲ့ရတဲ့ နေ့ပေါ့။)

    ကိုယ်တိုင် ရှေ့ကနေ model လုပ်ပြလိုက်ပေါ့။ ဘာခက်လဲ။
    သူ့ကို အဲလိုလေး အိပ်စေချင်တယ်ဆို အဲဒီပုံလေးနဲ့တူအောင် ကိုယ်က အရင် အိပ်ပြလိုက်။

  2. kom

    ထင်သလောက်မလွယ်။

  3. CalmHill

    အမူအရာသင်တာ ကိုယ်ဖိရင်ဖိသင်မှ လွယ်မပေါ့မောင်ဖြိုးမော် ပါးစပ်နဲ့ပြောရုံနဲ့ ပုံစံကျဖို့ဘယ်လွယ်မလဲ နောက်တစ်ခါ အကူအညီလိုရင်ပြောပါ :D

  4. Phyo Maw

    နောက်တစ်ခါ သွားရင် ခေါ်လိုက်မယ် ဟဲဟဲ =D


Leave a Reply



Back to top