Coffee
ကော်ဖီ
မိသားစုမှာ
ဖားသားကြီး သူကော်ဖီသောက်တယ်။
ဘရားသားကြီး ကော်ဖီသောက်တယ်။
ခုကျနော်လည်း ကော်ဖီသောက်တယ်။
(လေးလုံးစပ်) ^_^
လက်ဖဝါးတွေ ယားနေတယ် စာမရိုက်ရ မနေနိုင် ဆိုတာ ဒါမျိုးလားမသိ။
—————————————————————————-
တစ်ခါတစ်လေလည်း မေမေက စိတ်ဆိုးရင် ငါကတော့ နင့်ကို ပန်းကလေးလို အရိပ်တကြည့်ကြည့်နဲ့ မွေးလာရတာနော်၊ ပြီးတော့မှ တွေ့ရာမိန်းမကောက်ယူပြီး မအေကို စုန်ကန်မသွားနဲ့လို့ ပြောတတ်သေးတယ်။
ဒါပေမယ့် မေမေက ဒီစကားမျိုးကို ပြောခဲပါတယ်။ ကျနော့်အပေါ်မှာ စိတ်ဆိုးမှပြောတာပါ။ သူ့တစ်သက်မှာ ယောက်ျားတွေကို မုန်းပြီတဲ့။ အရက်သမား သူ့အဖေကိုလည်း မုန်းတယ်တဲ့။ သေသွားပြီဆိုတဲ့ ကျွန်တော့်အဖေကိုလည်း မုန်းတယ်တဲ့။ ယောကျာ်းဆိုတာ ကျောရုံပဲကြံတတ်ကြတာတဲ့။ ဒီတော့ ကျွန်တော့်ကိုလည်း သူများသားသမီးကို ကျောရုံကြံတဲ့ ယောကျာ်းမျိုး မဖြစ်စေနဲ့တဲ့
(မြသန်းတင့်၊ အညတရရုပ်ပုံလျှာများ)
၉ တန်းလောက်ကစပြီး စာဖတ်ပြီးရင် ကြိုက်တာ မှန်သမျှ ကူးချကျင့်ရှိခဲ့တယ်။ ဘယ်အချိန်ပြန်ဖတ်ဖတ် အရသာရှိတယ်ဗျာ ဖေမြင့် ရေးတဲ့ စာဖတ်သမားရဲ့မှတ်စုများ အကြောင်းတော့ မသိဘူး ကိုယ့်မှတ်စု ကိုယ်ပြန်ဖတ်ရတာ သိပ်အရသာရှိတယ်။ ပြန်တွေးကြည့်လိုက်တိုင်း အားမလိုအားမရ အချိန်တွေရှိခဲ့သလို ငါကွ ဆိုတဲ့အချိန်တွေလည်း ရှိခဲ့လို့ ကျေနပ်ချင်စရာကြီးပဲ။ ဒါနဲ့ ဒီနေ့ အပေါင်းလဏ္ခာသိပ်ဆန်နေတယ် စာရေးရတာ။
—————————————————————————-
မိခင်ဘာသာစကား သုံးမျိုးနှင့် အင်ဂလိပ်ဘာသာစကားမှာ လုံးဝကွဲပြားခြားနားသည်။ သို့သော် ဘာသာစကား တစ်မျိုးတည်းတတ်ရုံမျှဖြင့် ကျွန်တော်တို့နိုင်ငံတွင် အသက်မွေးဝမ်းကျောင်း၍ ရမည်မဟုတ်ပါ။ အင်ဂလိပ်ဘာသာစကား မသုံး၍ကားမဖြစ် စင်ကာပူရှိ ကမ္ဘာ့ထိပ်တန်းဘဏ်ပေါင်း ၂၀၀ကျော်နှင့် ကမ္ဘာ့ထိပ်တန်းစီးပွားရေးလုပ်ငန်းများစွာကို အင်ဂလိပ်ဘာသာဖြင့် လုပ်ကိုင်နေ၍ဖြစ်၏။ ကွန်ပြူတာနှင့် အင်တာနက်များကို လွယ်ကူလျှင်မြန်စွာ ကျွန်တော်တို့ပြည်သူများ သုံးစွဲနိုင်သည်မှာလည်း အင်ဂလိပ်ဘာသာစကား တတ်မြောက်ခြင်းကြောင့်ပင် ဖြစ်သည်။
1960 ခုနှစ်များကပင် ကျွန်တော်တို့သည် တံတွေးထွေးမှု ဆန့်ကျင်ရေး လှုပ်ရှားမှုကိုလုပ်ခဲ့၏။ သို့သော် ရှစ်ဆယ်ခုနှစ်များအထိ အငှားယာဉ်မောင်းသမားများသည် ကားပြူတင်းပေါက်မှ တံတွေးထွေးနေကြဆဲ ရှိသည်ကိုတွေ့ရ၏။ တံတွေးမှနေ၍ အဆုတ်ရောဂါရနိုင်ကြောင်း ပညာပေးမှုများကို ကျောင်းနှင့်မီဒီယာများမှတစ်ဆင့် ကြေညာရ၏။ ယခုတော့ တံတွေးထွေးသော အလေ့အကျင့်မရှိသလောက် ဖြစ်သွားပြီ။ အလေ့အကျင့်ဆိုသော်လည်း မကောင်းတာကိုပယ်သင့်ပယ်ထိုက်က စွန့်ပယ်ရမည်။ မကောင်းသော ရှေ့းထုံးကို ပယ်သည့်လုပ်ငန်းများကို ဆက်လုပ်ရသည်။
ဆယ်ထပ်မှ အထပ်နှစ်ဆယ်မြင့်သော တိုက်မြင့်မြင့်ကြီးများတွင်နေမှတော့ ရှေးအမူအကျင့် တချို့လည်းစွန့်သင့်က စွန့်ရမပေါ့။
(လီကွမ်ယု – တတိယကမ္ဘာမှ ပထမကမ္ဘာသို့ ၊ မြတ်ငြိမ်းဘာသာပြန်သည်။)
လွန်ခဲ့တဲ့ ၄နှစ်ကျော်လောက်က ဖတ်ခဲ့တာ။ စလုံးလာမယ်လုပ်တော့ လီကွမ်ယုအကြောင်းသိချင်တာနဲ့ဆိုပါတော့။ သူ့စကားနဲ့ ပက်သက်ပြီး ပြောချင်စရာ စကားတွေများကြီး ရှိပေမယ့် အနီနဲ့ ရေးထားတဲ့ စကားကို သဘောပေါက်ရင်ပဲ အများကြီးပြည့်စုံနေပြီမဟုတ်လား။
—————————————————————————-
Category: notes, poem 5 comments »

June 9th, 2010 at 9:59 pm
ဟုတ်.. ပီအမ် လိမ္မာတယ် =)
June 10th, 2010 at 6:34 am
ဘွားလဲသောက်တယ်။ များတယ်။ အခုကိုဘေးမှ ကော်ဖီခွက်ချထားသေးတယ။်
June 10th, 2010 at 7:15 pm
စာကူးထားတဲ့ အကျင့်ရှိတာ ကောင်းတယ်။
အနည်းဆုံးတော့ ဘလော့မှာ ကူးတင်လိုက်လို့ရတယ်။
:)
June 11th, 2010 at 1:10 pm
ကျွန်တော်ကတော့ လက်ဘက်ရည်သောက်တယ် ဟမ်…
လာမလည်တာ မဟုတ်ဘူး မောင်ဖြိုးမော်ရေ RSS လိပ်စာပြောင်းသွာတော့ အသစ်တွေတက်တာ မမြင်တော့မရေးဖြစ်ဖူးထင်ပြီး ဒီဘက်ရောက်မလာတာဗျ။
June 14th, 2010 at 1:11 am
တို့ တော့ ကော်ဖီ ရော လက်ဖက်ရည် ရော သောက်တယ်…း)