Buying a D90
ပြီးခဲ့တဲ့ ကြာသပတေးက သူငယ်ချင်းတစ်ယောက် D90 ဝယ်ချင်လို့ အဖော်ခေါ်တာနဲ့ ဖူနန်းသွားဖြစ်တယ်။ ပထမထပ်က adidas ဆိုင်ရှေ့တည့်တည့် တရုတ်ကြီးဆီမှာ ကင်မရာကိုယ်ထည်ချည်း ၁၁၂၀နဲ့ ဝယ်တယ်။ မှန်ဘီလူး Tamaron ၁၈-၂၇၀ ကို အပေါ် (၅ထပ် ထင်တယ်)က Alan photo မှာ ၇၀၀နဲ့ရတယ် အသစ်စက်စက်တော့မဟုတ်ဘူး ဝယ်သူပြန်ပို့သွားတဲ့ အလုံး ကိုယ်ထည်မှာတပ်ကြည့် ဟိုရိုက်ဒီရိုက် မဆိုးဘူးထင်တာနဲ့ မဆိုးဘူးပြောတော့ ဒီကောင်ဝယ်တယ်။ နောက် nikon Af 50mm f8 D ကို စမ်းပြတာ ဒီကောင်သဘောကျသွားတယ် ဈေးမေးတော့ ၁၉၅ ဒါနဲ့ အဲဒါပါဝယ်တယ်။ စုစုပေါင်း ၁၁၂၀+၇၀၀+၁၉၅=၂၀၁၅ ကျတယ်။ အပေါ်ဆုံးထပ်က chellenger မှာ အိတ်တက်ကြည့်တယ် ဒီကောင်က မန်ဘာရှိတယ် ဆိုတော့ ဒီမှာ အိတ်စုံတယ် ဝယ်ချင်ဝယ်ဆိုတာနဲ့ ၉၅ နဲ့ အိတ်တစ်အိတ်ဝယ်တယ်။ ၂၀၁၅+၉၅=၂၁၁၀။
ပိုက်ဆံများ ရှိပူရသေး ကုန်မှအေး ဆိုရမလား…
ဒီတစ်ခေါက် အိုင်တီပြပွဲ မသွားဘူး။ သိမ်မကြာသေးခင်က ပြီးသွားတယ် ထင်လိုက်တာ ချက်ချင်းကြီးလို။ တစ်နှစ် သုံးကြိမ်လားမသိဘူး။ ထွက်လိုက်ကြစမ်း HTC Evo4, Iph4G, D3s, Samsung LED Monitor… blah blah blah Blahhhhhhhhhh…
Category: Shopping, in singapore | Tags: Camera, D90, Funan, itshow, singapore 7 comments »

June 13th, 2010 at 10:23 pm
အလည်ကောင်က မှန်ပြောင်းကြီးအားရတယ်။
စလုံး ၂၀၀၀ ကျော်ကုန်တာတော့ကြိုက်ဘူး။
June 14th, 2010 at 11:16 am
last week I bought from Cathay photos. I paid SGD 1047.00 (Include GST7%)D90+ 18-105mm VR kit set.
June 14th, 2010 at 12:10 pm
ကင်မလာကတော့ မတော်တဆ ကံစမ်းမဲ ပေါက်ပြီး အလကားရရင်တောင် ပြန်ရောင်းစားမိဖို့များတယ်။
=)
June 14th, 2010 at 2:45 pm
@ Pho La, ဘယ် Cathay တုန်းဗျ စီးတီးဟောကလား
နောက်တစ်ယောက် ဝယ်ချင်တယ် ပြောရင် ကိုယ့်လူဆီ လွှတ်ရမယ် =)
July 6th, 2010 at 7:44 am
အားနေလို့ လာလည်သွားပါတယ်
July 8th, 2010 at 1:09 pm
phyomaw.com နဲ့ phyomaw.blogspot.com ၂ ခုစလုံးရေးနေတာလား .. မျက်စိလည်လာပြီ။
July 18th, 2010 at 8:27 pm
တီလဲ တလောက ဆိုနီ Alpha 380 ဝယ်မလို့ကြံနေတာ
မဝယ်ဖြစ်သေးဘူး
အကြံပေးပါအုံး
လောလောဆယ်တော့ အိုင်ကို သေမလောက်ပက်ချင်နေတယ်
အဲ့တာ မှ တကယ့် ဒုက္ခ ပန်းသီး ကပေးတဲ့ ဒုက္ခ